Friday, February 27, 2009

ကချင်ပြည်နယ်အကြောင်းတစ်စေ့တစ်စောင်း(၃)

  • ကချင်စာပေ
ကချင်လူမျိုးတို့ သည် တိုးတက်လိုစိတ်ရှိကြပြီး သိမြင်တတ်မြင်လွယ်သောလူမျိုးများဖြစ်ကြ
သည်။ထို့ ပြင် ကြီးပွားတိုးတက်လိုသော၊ရိုးသားကြိုးစားသော၊ဖော်ရွှေသော လူမျိုးများဖြစ်
ကြသည်။အစဉ်အလာအားဖြင့် နတ်ကိုးကွယ်သောလူမျိုးများဖြစ်ကြသော်လည်း ဗြိတိသျှ
အင်္ဂလိပ်တို့ ဝင်ရောက်လာပြီးနောက်ပိုင်း အင်္ဂလိပ်သာသနာပြုဆရာများ၏ ကျေးဇူးကြောင့်
ခရစ်ယာန်ဘာသာဝင်များအဖြစ်သို့ ကူးပြောင်းလာကြပြီး၊နောက်ပိုင်းတောင်တန်းသာသနာ
ပြုဆရာတော်များ ၀င်ရောက်သာသနာပြုသောအခါတွင် ဗုဒ္ဒဘာသာများအဖြစ်သို့ အတန်
အသင့်ကူးပြောင်းလာခဲ့ကြသည်။ခရစ်ယာန်သာသနာပြုဆရာများသည် ကချင်ပြည်နယ်
သို့ ၁၈၅၆ ၅၇ ခုနှစ်ကတည်းက စတင်ဝင်ရောက်ခဲ့သဖြင့် ကချင်လူမျိုးတို့ သည် ခရစ်ယာန်
ဘာသာကိုးကွယ်သူများပိုမိုများပြားခဲ့ခြင်းဖြစ်သည်။ကချင်လူမျိုးတို့ တွင် ယခင်က ဘာသာ
စကားသာရှိပြီး ကချင်စာဟုပြီးမရှိခဲ့ချေ။သာသနာပြုဆရာ Rev:Hinson မှ ကချင်အင်္ဂလိပ်
အဘိဓါန် စာအုပ်ကို ပြုစုခဲ့လေသည်။ထို့ ကြောင့် ကချင်စာ ဆိုပြီးစတင်ပေါ်ပေါက်ခဲ့ရာယခု
ဆိုလျှင် ကချင်စာ စတင်ပေါ်ပေါက်ခဲ့တာ အနှစ်တစ်ရာပင်ကျော်ခဲ့လေပြီ။

  • ကချင်လူမျိုး
ကချင်လူမျိုးတို့ မှာ တိဗက် အနွယ်ဝင်များဖြစ်ကြသည်ဟု အထက်တွင်ဖေါ်ပြခဲ့ပြီးဖြစ်ပါသည်။
ကချင်လူမျိုးတို့ ၏ မူရင်းဒေသမှာ မဂျွယ်ရှိန်ရာဘွမ်(Majoi Shing ra Bum) ဖြစ်သည်ဟု မိ
ရိုးဖလာအလိုက်ယုံကြည်ခဲ့ကြသည်။ထိုစကား၏ အဓိပါယ်မှာ ညီညာပြန့် ဖျူးသော နားခိုရာ
တောင် ဟု အဓိပါယ်ရသည်။တိဗက်ပြည်အရှေ့ ဘက်နှင့် တရုတ်နိုင်ငံ စူချွန်နယ်ကြားရှိကုန်း
မြင့်ဒေသ ကိုဆိုလိုခဲ့ကြဟန်တူပါသည်။

  • ရွှေ့ ပြောင်းနေထိုင်လာပုံ
ကချင်အနွယ်ဝင်တို့ သည်တောင်ဘက်ဒေသများသို့ ရွှေ့ ပြောင်းလာကြရာတွင်တရုတ်၊တိဗက်
အာသံ၊မြန်မာနယ်တို့ နယ်စပ်များဆုံရာတောတောင်ထူထပ်သောဒေသများသို့ ရောက်ရှိလာ
ပြီးနောက် ထိုဒေသများမှ အခွင့်သာလျင် သာသည့်အလျောက်တောင်ဘက်မြန်မာနိုင်ငံအ
တွင်းသို့ တဖြည်းဖြည်းရွှေ့ ပြောင်းလာခဲ့ကြဟန်တူပါသည်။သူတို့ ၏ရွှေ့ ပြောင်းမှုမှာခက်ခဲလှ
၍တစ်ကြောင်း၊အခြားအနွယ်တူလူမျိုးများက ရွှေ့ ပြောင်းရာလမ်းတွင် ပိတ်ဆို့ ဟန့် တားဘိသ
ကဲ့သို့ ရှိသည်က တစ်ကြောင်း ကချင်တို့ မှာမြန်မာနိုင်ငံအတွင်းသို့ ရွှေ့ ပြောင်းဝင်ရောက်လာ
ရာတွင် အတန်ငယ်နောက်ကျသူများဖြစ်ကြသည်။မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြပြီး
နောက်တြိဂံနယ်(မေခ နှင့် မလိခ မြစ်နှစ်သွယ်စပ်ကြားသုံးမြှောင့်ဒေသ) သို့ ရောက်သောအ
ခါတွင်ရှေ့ သို့ ဆက်လက်ရွှေ့ ပြောင်းခြင်းမပြုနိုင်ဘဲ ကာလအတန်ကြာ အခြေစိုက်နေထိုင်ခဲ့
ရဟန်တူပါသည်။အကြောင်းမှာထိုစဉ်က မြန်မာနိုင်ငံမြောက်ဖျားပိုင်းကိုမောရှမ်းတို့ ကြီးစိုးနေ
သောကြောင့်ဟုဆိုဖွယ်ရာရှိသည်။မောရှမ်းတို့ အင်အားယိမ်းယိုင်သောအခါတွင်မှရှေ့ သို့ 
ဆက်လက်ရွှေ့ ပြောင်း၍ ယခုနေထိုင်ရာဒေသများသို့ တဖြည်းဖြည်းရောက်ရှိလာခဲ့ကြဟန်
တူပါသည်။တရုတ်သမိုင်းများကိုထောက်ထားခြင်းအားဖြင့် တြိဂံနယ်မှ တောင်ဘက်သို့ စ
တင်ရွှေ့ ပြောင်းသည်မှာ ခရစ်နှစ် ၁၅ ရာစုအလယ်လောက်က ဟုခန့် မှန်းနိုင်သည်။မြန်မာနိုင်
ငံအတွင်းသို့ စတင်ဝင်ရောက်သည်မှာကား ၁၁ ရာစုလောက်က ဖြစ်တန်သည်ဟုယူဆနိုင်
ပေသည်။၁၅ ရာစုအလယ်လောက်မှစ၍လူတစ်ဆက်ပြီးတစ်ဆက်ရွှေ့ ပြောင်းလာကြစဉ် က
ချင်တို့ မှာရောက်ရှိပြီးဖြစ်သောရှမ်းမြန်မာတို့ ၏ယဉ်ကျေးမှုအချက်အလက်များကိုစတင်ရရှိ
ခဲ့ကြသည်။ထိုမှတပါး မိမိနေရာရရှိရေးအတွက်ရောက်ရှိပြီးဖြစ်သော ရှမ်းမြန်မာ စသည်တို့ 
နှင့် မကြာခဏ ဆိုသလို တိုက်ပွဲများဖြစ်ပွားခဲ့သည်။အင်အားနည်းသည့်ရောက်ရှိပြီးလူမျိုးများ
ကို တောင်ဘက်သို့ တွန်းထုတ်နိုင်ခဲ့ကြသည်။ဤသို့ ဖြင့် ဆဒုံးနယ်ဘက်တွင်နေထိုင်သော
ပလောင်လူမျိုးတို့ မှာ တောင်ဘက် ရွှေလီမြစ်ဝှမ်းဘက်သို့ ပြောင်းရွှေ့ လာခဲ့ ၍ ကချင်တို့ မှာ
မူ ဆဒုံးနယ်ဘက်တွင် အင်အားနှင့် အခြေစိုက်နေထိုင်ခဲ့ကြလေပြီ။ကချင်တို့ မှာ ရွှေ့ ပြောင်း
ကြရာတွင်တောင်ရိုးကိုလိုက်ကြ၏။အခြေစိုက်နေထိုင်ရာတွင်လည်းများသောအားဖြင့်တောင်
ရိုးတောင်စွယ်တို့ ကိုပိုမိုနှစ်သက်ကြသည်။မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိပြီးနောက် တောင်
ဘက်တောင်တန်းများတစ်လျှောက် ဆွမ်ပရာဘွမ်(SumPra Bum) ဆွမ်ပရာဘွမ်မှသည်
တောင်ဘက်တောင်ရိုးအတိုင်း အနောက်ဘက်တောင်ဒရုချတ် သို့ လည်းကောင်း၊ထပ်မံခွဲ
သွားသည့် လမ်းတစ်သွယ်၊တြိဂံနယ်အတွင်းရှိတောင်တန်းအတိုင်း ဆင်းသက်လာ၍မေခမြစ်
ရိုးတစ်လျှောက် တောင်ဘက်သို့ ဆင်းလာခဲ့သည့်လမ်းတစ်သွယ် ဤသို့ လမ်းနှစ်သွယ်ကွဲ
ပြားကာ ရွှေ့ ပြောင်းပျံ့ နှံ့ လာခဲ့ကြသည်ဟုယူဆဖွယ်ရှိသည်။

ဆက်ရေးမည်

No comments:

Post a Comment