Monday, February 23, 2009

မွေးရပ်မြေ



၁၉၈၆ခုနှစ်၊ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ကလေးမှာစတင်မွေးဖွားခဲ့တဲ့ကျွန်တော်၊မြစ်ကြီးနား
မှာလူဖြစ်၊မြစ်ကြီးနားမှာနေပြီး ကြီးပြင်းခဲ့တဲ့ကျွန်တော် မြစ်ကြီးနားကိုလွမ်းမိတာ မမှားလောက်
ပါဘူးဗျာ။ငယ်ငယ်ကဆိုရင် ဧရာဝတီမြစ်ထဲမှာရေသွားကူးခဲ့တာ အရမ်းပျော်ဖို့ ကောင်းတယ် ။
အမေသိတော့ လှော်တာပေါ့။ကျွန်တော်ကလည်းကလေးပီပီ အမှတ်မရှိဘဲ အမေရိုက်တာကို
တောင်မှ မမှုဘဲ ညနေတိုင်းရေသွားကူးကူးနေတာ။နောက်ဆုံးတော့ အမေကပြောမရလို့ လက်
လျှော့လိုက်ရတဲ့အထိ ကို ဧရာဝတီမြစ်ကိုချစ်တာ။မှတ်မှတ်ရရ ၂၀၀၁-ဒီဇင်ဘာတုန်းကဆိုရင်
သူငယ် ချင်းတွေနဲ့ အပျော်လွန်ပြီး ဧရာဝတီမြစ်ထဲက သဲသောင်မှာ ညအိပ်ခဲ့ရဖူးတယ် ။ အဲဒီ
လောက်ဆိုရင် ကျွန်တော် မြစ်ကြီးနားမြို့ ကလေးကိုဘယ်လောက်ထိချစ်ကြောင်းသိလောက်
ရောပေါ့။ဒါတင်ဘဲလားဆိုတော့ ဘယ်ဟုတ်မလည်း။ကျွန်တော်နေတဲ့မြို့ ကလေးကိုကသာယာ
ပြီးနေချင့်စဖွယ်မြို့ ကလေးဖြစ်နေတယ်လေ။လည်စရာနေရာတွေကလည်းတပုံတပင်ရှိတယ်။
ကျွန်တော်ဆိုရင်လည်လို့ မကုန်လို့  ခွဲလည်ရတယ်။း) မြစ်ကြီးနားကဘာကြောင့်ချစ်ဖို့ ကောင်း
တာလည်း။ပြောမယ်ဆိုရင် ကုန်တောင်မကုန်ဘူး။မြစ်ကြီးနား မြို့ ဆိုရင် ကချင်လူမျိုးတွေလည်း
မပါမဖြစ်ပါရမယ်။ဧရာဝတီမြစ်လည်းမပါမဖြစ်ပါရမယ်။နောက်ပြီးမနောပွဲ၊ကချင်ရိုးရာ၊မြစ်ဆုံ၊
ကရိန်နော်၊နောက်ပြီး ---နောက်ပြီး ---နောက်ပြီး --- ကဲပြောစရာမကုန်ပါဘူးဆို ။ခုတော့
ခနနားမယ်ဗျာ။နောက်ကျရင် ကချင်ပြည်နယ်အကြောင်းလေးရေးပါရစေခင်ဗျာ။

No comments:

Post a Comment