Showing posts with label အာရှတိုက်ပစ်ဂမီ. Show all posts
Showing posts with label အာရှတိုက်ပစ်ဂမီ. Show all posts

Saturday, March 14, 2009

အာရှတိုက် ပစ်ဂမီ(သို့ ) ခရုံ


အာရှတိုက် ပစ်ဂမီဟုတင်စားခေါ်ဝေါ်နိုင်သည့် လူပုကလေးများကို ကချင်ပြည်နယ်၊ခါကာဘို ရာဇီ တောင်ခြေဒေသ၀န်းကျင်တွင်တွေ့ ရှိနိုင်ကြောင်းကို ကချင်ပြည်နယ်ရှိမျိုးနွယ်စုဆိုင်ရာ
လေ့လာသူများက ပြောကြားပါသည်။ အဆိုပါ လူပုကလေးများသည် ကချင်တိုင်းရင်းသားများ
ဖြစ်ကြပြီး၊ခရုံမျိုးနွယ်စုများဖြစ်ကာယခုအခါကချင်ပြည်နယ်၊ခါကာဘိုရာဇီတောင်ခြေရှိခရောင်း
ကျေးရွာနှင့် တဟွန်းဒန်းကျေးရွာတို့ တွင်အခြေချနေထိုင်လျက်ရှိကြောင်းသိရှိရသည်။
အဆိုပါခရုံမျိုးနွယ်စုများသည် ရ၀မ်မျိုးနွယ်စုထဲတွင်ပါဝင်ပြီး ယင်းမျိုးနွယ်စုများအနက် အရပ်
အမြင့်ဆုံးပုဂ္ဂိုလ်မှာအရပ်လေးပေသာရှိကြောင်းသိရှိရသည်။ရ၀မ်မျိုးနွယ်စုတွင်ခရုံလူမျိုးအပါ
အ၀င်မျိုးနွယ်စုငါးစုရှိသည်။ခရုံလူပုကလေးများကိုခါကာဘိုရာဇီတောင်ခြေဒေသရှိခရောင်း
ကျေးရွာနှင့် တဟွန်းဒွန်းကျေးရွာများအပြင်နောင်မွန်းဒေသရှိတဇူထုကျေးရွာတွင်လည်းတွေ့ ရှိ
နိုင်ကြောင်းသိရှိရသည်။
ခရုံမျိုးနွယ်စုဝင်လူပုကလေးများသည်မျိုးရိုးအရသာမန်လူထက်အရပ်ပုနေကြသော်လည်းဒေ
သတွင်းရေခဲတောင်ပေါ်တွင်မဂျစ်ဥ၊ခန်းတောက်မြစ်၊ရှီးပတီး စသည့်ဒေသထွက်ဆေးဖက်ပင်
များရှာဖွေခြင်း၊နွားနောက်နှင့်တိဗက်နွားမွေးမြူခြင်းလုပ်ငန်းများကိုအထူးကျွမ်းကျင်ကြသည်။
အထူးသဖြင့်အဆိပ်လူးမြှားဖြင့်အမဲလိုက်ရာတွင်သူမတူအောင်ကျွမ်းကျင်ကြပြီးထိုအဆိပ်လူး
မြှားဖြင့် ကျားသစ်၊၀က်ဝံ စသည့်တိရိစ္ဆာန်များကိုပစ်ခတ်သတ်ဖြတ်နိုင်စွမ်းရှိကြသည်။
ခရုံလူမျိုးစုများနှင့်ပါတ်သက်ပြီး ယူနီဆက်(Unicef) အဖွဲ့ မှ ၁၉၅၅ ခုနှစ်က ကချင်ပြည်နယ်
တဟွန်းဒန်းကျေးရွာထိလေ့လာသုသေသနပြုခဲ့ကြကြောင်းသိရှိရပြီးထိုစဉ်ကမှတ်တမ်းများ
အရ လူဦးရေမှာ ၅၆ ဦးခန့် ရှိသည်ဟုလေ့လာသူများကပြောကြသည်။
၁၉၉၈-၉၉ ခုနှစ်ခန့် က မျိုးနွယ်စုဆိုင်ရာသုတေသီများကလေ့လာမှုပြုခဲ့ကြရာလူဦးရေမှာ
၂၀ ခန့် သာရှိတော့ကြောင်းသိရသည်။နောက်ပိုင်းတွင်အဆိုပါခရုံမျိုးနွယ်စုများသည် ရ၀မ်
ဆားလု စသည့်မျိုးနွယ်စုများနှင့်လက်ထပ်ထိမ်းမြားခြင်းကြောင့် ခရုံမျိုးနွယ်စုစစ်စစ်များမှာ
အနည်းငယ်သာကျန်ရှိတော့ကြောင်းသိရှိရသည်။


***************************************************************************
ဒီပိုစ့်ကလေးကို www.phatpa.com မှကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။