Saturday, February 28, 2009

ကချင်ပြည်နယ်အကြောင်းတစ်စေ့တစ်စောင်း(၅)

  • အယူဝါဒ
ရှေးကချင်လူမျိုးတို့ သည်သေလျှင် သချိုင်းပါတ်ပါတ်လည်တွင် ကျုံးသဖွယ်တူးမြောင်းများ
တူးထားပြီးလျင် သချိုင်းပေါ်တွင်ခိုင်ခန့် သောတင်းကုပ်များဆောက်လုပ်ကာအမိုးများမိုး
ထားတတ်ကြသည်။သူတို့ သေသည့်အခါ ၀ိဥာဏ်များက ရှေးအဖိုးအဖွားတို့ ၏၀ိဥာဏ်များ
ရှိရာသို့ သွားရောက်ပူးပေါင်းကြသည်ဟုအယူရှိကြသည်။ကချင်တစ်ဦးသေလျှင် ထိုသူသုံး
လေ့ရှိသောဓါး၊လှံ လက်နက် ၊အ၀တ်အစားများကို သူနှင့်အတူမြုပ်နှံပစ်လေ့ရှိသည်။

  • ခေတ်သစ်ကချင်လူမျိုး
ယခုခေတ်အခါတွင်ကချင်လူမျိုးတို့ မှာ ရှေးအယူဝါဒစွဲများတဖြည်းဖြည်း ပပျောက်လာပြီးလျှင်
မည်သည့်အရာ ကိစ္စမျိုးတွင်မဆို အကျိုးအကြောင်းတရားနှင့်ဆက်စပ်တွေးခေါ်ပြီးမှ လက်ခံ
သင့်မှသာလျှင် လက်ခံလာကြတော့သည်။အထူးသဖြင့် ခေတ်ပညာတတ်လူငယ်များမှာ အမှန်
တရားကိုသာ စိစစ်ရှာဖွေလိုသောဆန္ဒများရှိခဲ့သည့်အလျောက် ဟောင်းနွမ်းသောအယူဝါဒတို့ 
ကိုယုံကြည်စိတ်မရှိကြတော့ချေ။ယခုအခါတွင် ကချင်လူမျိုးခေတ်ပညာတတ်လူငယ်တို့ သည်
နေရာဒေသအသီးသီးတွင် ရာထူးအမျိုးမျိုးနှင့် ရောက်ရှိတာဝန်ထမ်းဆောင်နေကြပြီဖြစ်သည်။
ထို့ ပြင်ယခုအခါတွင် ကချင်တိုင်းရင်းသားများထဲတွင် စာမတတ်သူလွန်စွာပင်ရှားပါးနေကြပြီ
ဖြစ်သည်။ ကချင်လူမျိုးလူငယ်တို့ မှာ မျိုးချစ်စိတ်လွန်စွာထက်သန်ပြီး မိမိအမျိုးသားတစ်ခုလုံး
အကျိုးယုတ်စေမည့်ကိစ္စရပ်များကိုရှောင်ကြဉ်တတ်လာကြသည်ကိုတွေ့ ရသည်။မြန်မာ့သမိုင်း
တွင် ကချင်တိုင်းရင်းသား ခေါင်းဆောင်များမှ မြန်မာ့လွပ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ ကြပြီး
နောင်အနာဂါတ်တွင်လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ၏အခန်းကဏ္ဏမှ မုချ
ပါဝင်နိုင်ကြပါလိမ့်မည်။

##############################################################

အထက်ပါအကြောင်းအရာများအားလုံးသည် မြန်မာ့စွယ်စုံကျမ်း အပိုင်း(က)၊ နှင့်
မြန်မာနိုင်ငံအတွင်းရှိတိဗက်နွယ်ဖွား ကချင်တိုင်းရင်းသားများ ဟူသောစာအုပ်
များမှ ကောက်နုတ်ဖေါ်ပြခြင်းသာလျင်ဖြစ်ပါသည်။ အမှားအယွင်း များရှိပါက
ကျွန်တော်၏ မှားယွင်းဖေါ်ပြမှုသာဖြစ်ပါသည်။


Friday, February 27, 2009

ကချင်ပြည်နယ်အကြောင်းတစ်စေ့တစ်စောင်း(၄)

  • အမည်
ကချင်ဟူသောအမည်မှာအမှန်စင်စစ် မြန်မာများခေါ်သောအမည်သာဖြစ်သည်။ကချင်လူမျိုး
တို့ ၏ဘာသာစကားတွင် ကချင်ဟူသောဝေါဟာရမရှိပေ။ကချင်လူမျိုးတို့ ၏အမည်အစစ်မှာ
ဂျိန်းဖော့(JingHpaw) ဟုမည်သည်။တရုတ်လူမျိုးမူကချင်လူမျိုးများကိုယေဂျင်ဟုခေါ်သည်။
နောက်ထပ်တရုတ်တို့ ခေါ်ဝေါ်တတ်သောအမည်တစ်ခုမှာ ရှန်ထို ဖြစ်သည်။တောင်ထိပ်သား
ဟုအဓိပါယ်ရသည်။အာသံ၊အိန္ဒိယ ပြည်တို့ တွင်မူ ကချင်လူမျိုးတို့ ကို စင်းဖေါ ဟုခေါ်ခဲ့ကြပြီး
မြန်မာမှတ်တမ်းတွင်မူ ကချင်လူမျိုးတို့ ကို သိန်းဖေါလူမျိုးများ ဟုမှတ်တမ်းတင်ထားသည်ကို
တွေ့ ရှိရသည်။ဂျိမ်းဖော ဆိုသည်မှာယေဘုယျအားဖြင့် ကချင်လူမျိုးအားလုံးကိုခေါ်တွင်ခြင်း
ဖြစ်ပြီး ဒေသအလိုက်ဆိုလျင် တောင်အောက်ဘက်တွင်နေထိုင်ကြသောကချင်လူမျိုးများကို
ခခူး(HkaHku) ဟုခေါ်သည်။ ခခူး ဟုသောစကားအဓိပါယ်မှာ ဖြစ်ဖျား ဟုအဓိပါယ်ရသည်။
ကချင်လူမျိုးတို့ သည်အစဉ်အလာအားဖြင့် ၀ချတ်ဝ(Wa Chat Wa) ဟုဆိုသောရှေးဦးဖခင်
ကြီးမှာမွေးဖွားလာသည်ဟုခံယူကြသည်။ဖခင်ကြီးမှာ သားငါးဦးရှိရာ ထိုသားငါးဦး ၏ကြီးစဉ်
ငယ်လိုက်ထင်ရှားသောလူမျိုး အုပ်စုကြီး (၅) စုဖြစ်ပေါ်လာသည်ဟုအဆိုရှိသည်။သူတို့ မှာ
၁။ မရစ်(Marip)
၂။ လထော်(LaHtaw)
၃။ လဖိုင်(Lahpai)
၎။ အင်ခွမ်( N Hkum)
၅။ မရန်(Maran)

ဟူ၍ဖြစ်သည်။အစ်ကိုအကြီးဆုံးမှပေါက်ဖွားလာသောမရစ်အုပ်စုတို့ မှာဝါအကြီးဆုံးဖြစ်ပြီး
ကချင်လူမျိုးစုထဲတွင်လဖိုင်အုပ်စုတို့ မှာ အင်အားအကြီးဆုံးအုပ်စုဖြစ်သည်။ဤလူမျိုးအုပ်
စု(၅) စုတို့ သည်ရှေးယခင်အခါက လူမျိုးခြင်းရောယှက်ကာ အတူအတွပင်ရောနှောနေထိုင်
ခဲ့ကြသည်။ထိုလူမျိုးအုပ်စု(၅)စုအပြင်ဖခင်ကြီး ၏ညီအငယ်(၇)ယောက်မှဆင်းသက်လာ
သောအခြားလူမျိုးစု(၁၅)စုလည်းရှိသေးသည်။သို့ သော် သူတို့ မှာ ထင်ရှားခြင်းမရှိခဲ့ပေ။

  • ဓလေ့ထုံးစံများ
ကချင်လူမျိုးတို့ သည်အစဉ်အလာအားဖြင့်နတ်ကိုးကွယ်သောလူမျိုးများဖြစ်ကြသည်။ကျေး
ရွာများတွင် ဒွမ်ဆ(DumSa) ဆိုသောနတ်ဆရာမှာအထူးပင်အရေးပါအရာရောက်သောပု
ဂိုလ်တစ်ဦးဖြစ်သည်။မင်္ဂလာဆောင်သည့်အခါတွင်လည်းခေါင်း၊တစ်ဦးတစ်ယောက်သေ၍
သဂြိုဟ် သည့်အခါတွင်လည်းကောင်း ထိုဒွမ်ဆ နတ်ဆရာက ရှေ့ ဆောင်ညွှန်ပြရသည်။ကျေး
ရွာတိုင်းကျေးရွာတိုင်းတွင် ဆလန်(Salang) ဟုခေါ်သောအရပ်လူကြီးများရှိသည်။ဆလန် ကို
ပေမှိုင်း ဟုလည်းရှေးအခါက ခေါ်ကြသည်။ထိုသူတို့ သည် မိမိတို့ ကျေးရွာအတွင်းအမှုအခင်း
သာရေး၊နာရေး ကိစ္စများ၌ မြန်မာနိုင်ငံအတွင်းမှ ဆယ်အိမ်မှုး၊ရာအိမ်မှုးများနည်းတူ ရှေ့ 
ဆောင်ညွှန်ပြရသည်။ဒူဝါ(Duwa) ဟုခေါ်သောအကြီးအကဲများမှာ ကျေးရွာပေါင်း (၂၀) မှ
(၁၀၀) အထိ အသီးသီးအုပ်ချုပ်ရသည်။အင်္ဂလိပ်အစိုးရလက်ထက်၌ တောင်အုပ်ဆိုသူများ
ကိုလည်းခန့် ထားလေသည်။တောင်အုပ်၏အဆင့် မှာဆလန်နှင့် ဒူဝါ ကြားထဲတွင်ရှိသည်။
တောင်အုပ်၏တာဝန်ဝတ္တရားမှာ အုပ်ချုပ်မှုပြေပြစ်လွယ်ကူစေရန် ကျေးရွာလူထုနှင့် ဒူဝါ
တို့ ကိုဆက်သွယ်ပေးရသူဖြစ်သည်။

  • အဆိုအက နှင့်တူရိယာ
ကချင်လူမျိုးတို့ သည် ကခုန်ခြင်းနှင့် သီဆိုခြင်းကို အထူးဝါသနာထုံသော လူမျိုးဖြစ်သည်။
မင်္ဂလာပွဲများတွင်လည်းကောင်း၊အသုဘပွဲများ၌လည်းကောင်း၊အခြားနတ်ပွဲများ၌လည်း
ကောင်း အစုလိုက်အပြုံလိုက်သီဆိုကခုန်လေ့ရှိသည်။ယောင်္ကျားနှင့် မိန်းမ တွဲဖက်ကရာ
တွင်တစ်ဦးနှင့်တစ်ဦးကိုင်တွယ်ထားခြင်းမရှိပေ။တစ်ဦးနှင့်တစ်ဦး သားမွေးယပ်တောင်များ
နှင့်သာဆက်သွယ်ထားကြသည်။ဂျိန်းဖော့ လူမျိုးတို့ ၏ထင်ရှားကျော်ကြားသောပွဲတော်
တစ်ခုမှာ မနောပွဲ(Manau Poi) ဟူသော နတ်ပူဇော်ပွဲဖြစ်သည်။(မနောရှုနတ်)များကိုပူ
ဇော်ပသသောအလေ့အထတစ်ခုမှတိဗက်မြန်မာလူမျိုးတို့ ၏ဓလေ့ထုံးစံဖြစ်ဟန်တူသည်။
ယခုအခါတွင် နှစ်စဉ် ကချင်ပြည်နယ်နေ့ ရောက်တိုင်းမြစ်ကြီးနားမြို့ ၊စီတာပူရပ်ကွက်တွင်
မနောပွဲကြီးကိုစည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်။ကချင်လူမျိုးတို့ သည်မိရိုးဖလာ
အားဖြင့် မောင်း၊လင်းကွင်း၊ပုံရှည် နှင့် နှဲ ကဲ့သို့ သောလေမှုတ်ကိရိယာများဖြင့်တီးမှုတ်လေ့
ှရှိကြသည်။ကချင်လူမျိုးတို့ သည် များသောအားဖြင့်Music ကိုအထူးတလည်ကျွမ်းကျင်ပိုင်
နိုင်ကြသည်။

  • လက်မှုပညာများ
ကချင်လူမျိုးတို့ သည်လက်မှုပညာရပ်များကိုလည်းကျွမ်းကျင်ကြသည်။ရှေးယခင်က သုံးစွဲ
လေ့ရှိသော နှီးဖြင့်ယက်လုပ်ရသော ယွန်းထည်ပစ္စည်းများ၊တောင်းပလုံး စသည့်အိမ်သုံးကိ
ရိယာများကို ပြုလုပ်ရာတွင် လက်ရာမြောက်၊သေသပ်လှပပြီး ခိုင်ခန့် လှသည်။ဓါးလှံအမျိုး
မျိုး နှင့် မီးပေါက်သေနတ်တို့ ကိုရှေးယခင်ကတည်းက ကျွမ်းကျင်ပိုင်နိုင်စွာ ပြုလုပ်အသုံးချ
တတ်သောလူမျိုးများဖြစ်ကြသည်။ကြိုးတံတားများဆောက်လုပ်ခြင်း၊သစ်သားတံတား၊၀ါးတံ
တားများဆောက်လုပ်ခြင်း အိမ်ကြီးအိမ်ကောင်းများဆောက်လုပ်ခြင်းလုပ်ငန်းများကိုလည်း
ကျွမ်းကျင်ပိုင်နိုင်လှပြီး သေသပ်ကောင်းမွန်စွာဆောက်လုပ်တတ်ကြသည်။ကချင်လူမျိုးတို့ 
၏ တိုင်းပြည်သိ လက်မှုပညာလုပ်ငန်းမှာ ယက်ကန်းထည်များ ပင်ဖြစ်သည်။ကချင်ယက်
ကန်းထည်များမှာ လက်ရာမြောက်ခိုင်ခန့် လှပြီး လူတစ်ကာကြိုက်နှစ်သက်ကြသည်။ယခု
အခါတွင် ခေတ်မှီကိရိယာများဖြင့် ကချင်ပုဆိုး၊လုံခြည်တို့ ကို မြန်မာနိုင်ငံအနှံ့ တွင်မြောက်
များစွာတွေ့ ရှိနိုင်လေပြီဖြစ်သည်။

ကချင်ပြည်နယ်အကြောင်းတစ်စေ့တစ်စောင်း(၃)

  • ကချင်စာပေ
ကချင်လူမျိုးတို့ သည် တိုးတက်လိုစိတ်ရှိကြပြီး သိမြင်တတ်မြင်လွယ်သောလူမျိုးများဖြစ်ကြ
သည်။ထို့ ပြင် ကြီးပွားတိုးတက်လိုသော၊ရိုးသားကြိုးစားသော၊ဖော်ရွှေသော လူမျိုးများဖြစ်
ကြသည်။အစဉ်အလာအားဖြင့် နတ်ကိုးကွယ်သောလူမျိုးများဖြစ်ကြသော်လည်း ဗြိတိသျှ
အင်္ဂလိပ်တို့ ဝင်ရောက်လာပြီးနောက်ပိုင်း အင်္ဂလိပ်သာသနာပြုဆရာများ၏ ကျေးဇူးကြောင့်
ခရစ်ယာန်ဘာသာဝင်များအဖြစ်သို့ ကူးပြောင်းလာကြပြီး၊နောက်ပိုင်းတောင်တန်းသာသနာ
ပြုဆရာတော်များ ၀င်ရောက်သာသနာပြုသောအခါတွင် ဗုဒ္ဒဘာသာများအဖြစ်သို့ အတန်
အသင့်ကူးပြောင်းလာခဲ့ကြသည်။ခရစ်ယာန်သာသနာပြုဆရာများသည် ကချင်ပြည်နယ်
သို့ ၁၈၅၆ ၅၇ ခုနှစ်ကတည်းက စတင်ဝင်ရောက်ခဲ့သဖြင့် ကချင်လူမျိုးတို့ သည် ခရစ်ယာန်
ဘာသာကိုးကွယ်သူများပိုမိုများပြားခဲ့ခြင်းဖြစ်သည်။ကချင်လူမျိုးတို့ တွင် ယခင်က ဘာသာ
စကားသာရှိပြီး ကချင်စာဟုပြီးမရှိခဲ့ချေ။သာသနာပြုဆရာ Rev:Hinson မှ ကချင်အင်္ဂလိပ်
အဘိဓါန် စာအုပ်ကို ပြုစုခဲ့လေသည်။ထို့ ကြောင့် ကချင်စာ ဆိုပြီးစတင်ပေါ်ပေါက်ခဲ့ရာယခု
ဆိုလျှင် ကချင်စာ စတင်ပေါ်ပေါက်ခဲ့တာ အနှစ်တစ်ရာပင်ကျော်ခဲ့လေပြီ။

  • ကချင်လူမျိုး
ကချင်လူမျိုးတို့ မှာ တိဗက် အနွယ်ဝင်များဖြစ်ကြသည်ဟု အထက်တွင်ဖေါ်ပြခဲ့ပြီးဖြစ်ပါသည်။
ကချင်လူမျိုးတို့ ၏ မူရင်းဒေသမှာ မဂျွယ်ရှိန်ရာဘွမ်(Majoi Shing ra Bum) ဖြစ်သည်ဟု မိ
ရိုးဖလာအလိုက်ယုံကြည်ခဲ့ကြသည်။ထိုစကား၏ အဓိပါယ်မှာ ညီညာပြန့် ဖျူးသော နားခိုရာ
တောင် ဟု အဓိပါယ်ရသည်။တိဗက်ပြည်အရှေ့ ဘက်နှင့် တရုတ်နိုင်ငံ စူချွန်နယ်ကြားရှိကုန်း
မြင့်ဒေသ ကိုဆိုလိုခဲ့ကြဟန်တူပါသည်။

  • ရွှေ့ ပြောင်းနေထိုင်လာပုံ
ကချင်အနွယ်ဝင်တို့ သည်တောင်ဘက်ဒေသများသို့ ရွှေ့ ပြောင်းလာကြရာတွင်တရုတ်၊တိဗက်
အာသံ၊မြန်မာနယ်တို့ နယ်စပ်များဆုံရာတောတောင်ထူထပ်သောဒေသများသို့ ရောက်ရှိလာ
ပြီးနောက် ထိုဒေသများမှ အခွင့်သာလျင် သာသည့်အလျောက်တောင်ဘက်မြန်မာနိုင်ငံအ
တွင်းသို့ တဖြည်းဖြည်းရွှေ့ ပြောင်းလာခဲ့ကြဟန်တူပါသည်။သူတို့ ၏ရွှေ့ ပြောင်းမှုမှာခက်ခဲလှ
၍တစ်ကြောင်း၊အခြားအနွယ်တူလူမျိုးများက ရွှေ့ ပြောင်းရာလမ်းတွင် ပိတ်ဆို့ ဟန့် တားဘိသ
ကဲ့သို့ ရှိသည်က တစ်ကြောင်း ကချင်တို့ မှာမြန်မာနိုင်ငံအတွင်းသို့ ရွှေ့ ပြောင်းဝင်ရောက်လာ
ရာတွင် အတန်ငယ်နောက်ကျသူများဖြစ်ကြသည်။မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြပြီး
နောက်တြိဂံနယ်(မေခ နှင့် မလိခ မြစ်နှစ်သွယ်စပ်ကြားသုံးမြှောင့်ဒေသ) သို့ ရောက်သောအ
ခါတွင်ရှေ့ သို့ ဆက်လက်ရွှေ့ ပြောင်းခြင်းမပြုနိုင်ဘဲ ကာလအတန်ကြာ အခြေစိုက်နေထိုင်ခဲ့
ရဟန်တူပါသည်။အကြောင်းမှာထိုစဉ်က မြန်မာနိုင်ငံမြောက်ဖျားပိုင်းကိုမောရှမ်းတို့ ကြီးစိုးနေ
သောကြောင့်ဟုဆိုဖွယ်ရာရှိသည်။မောရှမ်းတို့ အင်အားယိမ်းယိုင်သောအခါတွင်မှရှေ့ သို့ 
ဆက်လက်ရွှေ့ ပြောင်း၍ ယခုနေထိုင်ရာဒေသများသို့ တဖြည်းဖြည်းရောက်ရှိလာခဲ့ကြဟန်
တူပါသည်။တရုတ်သမိုင်းများကိုထောက်ထားခြင်းအားဖြင့် တြိဂံနယ်မှ တောင်ဘက်သို့ စ
တင်ရွှေ့ ပြောင်းသည်မှာ ခရစ်နှစ် ၁၅ ရာစုအလယ်လောက်က ဟုခန့် မှန်းနိုင်သည်။မြန်မာနိုင်
ငံအတွင်းသို့ စတင်ဝင်ရောက်သည်မှာကား ၁၁ ရာစုလောက်က ဖြစ်တန်သည်ဟုယူဆနိုင်
ပေသည်။၁၅ ရာစုအလယ်လောက်မှစ၍လူတစ်ဆက်ပြီးတစ်ဆက်ရွှေ့ ပြောင်းလာကြစဉ် က
ချင်တို့ မှာရောက်ရှိပြီးဖြစ်သောရှမ်းမြန်မာတို့ ၏ယဉ်ကျေးမှုအချက်အလက်များကိုစတင်ရရှိ
ခဲ့ကြသည်။ထိုမှတပါး မိမိနေရာရရှိရေးအတွက်ရောက်ရှိပြီးဖြစ်သော ရှမ်းမြန်မာ စသည်တို့ 
နှင့် မကြာခဏ ဆိုသလို တိုက်ပွဲများဖြစ်ပွားခဲ့သည်။အင်အားနည်းသည့်ရောက်ရှိပြီးလူမျိုးများ
ကို တောင်ဘက်သို့ တွန်းထုတ်နိုင်ခဲ့ကြသည်။ဤသို့ ဖြင့် ဆဒုံးနယ်ဘက်တွင်နေထိုင်သော
ပလောင်လူမျိုးတို့ မှာ တောင်ဘက် ရွှေလီမြစ်ဝှမ်းဘက်သို့ ပြောင်းရွှေ့ လာခဲ့ ၍ ကချင်တို့ မှာ
မူ ဆဒုံးနယ်ဘက်တွင် အင်အားနှင့် အခြေစိုက်နေထိုင်ခဲ့ကြလေပြီ။ကချင်တို့ မှာ ရွှေ့ ပြောင်း
ကြရာတွင်တောင်ရိုးကိုလိုက်ကြ၏။အခြေစိုက်နေထိုင်ရာတွင်လည်းများသောအားဖြင့်တောင်
ရိုးတောင်စွယ်တို့ ကိုပိုမိုနှစ်သက်ကြသည်။မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိပြီးနောက် တောင်
ဘက်တောင်တန်းများတစ်လျှောက် ဆွမ်ပရာဘွမ်(SumPra Bum) ဆွမ်ပရာဘွမ်မှသည်
တောင်ဘက်တောင်ရိုးအတိုင်း အနောက်ဘက်တောင်ဒရုချတ် သို့ လည်းကောင်း၊ထပ်မံခွဲ
သွားသည့် လမ်းတစ်သွယ်၊တြိဂံနယ်အတွင်းရှိတောင်တန်းအတိုင်း ဆင်းသက်လာ၍မေခမြစ်
ရိုးတစ်လျှောက် တောင်ဘက်သို့ ဆင်းလာခဲ့သည့်လမ်းတစ်သွယ် ဤသို့ လမ်းနှစ်သွယ်ကွဲ
ပြားကာ ရွှေ့ ပြောင်းပျံ့ နှံ့ လာခဲ့ကြသည်ဟုယူဆဖွယ်ရှိသည်။

ဆက်ရေးမည်

ကချင်ပြည်နယ်အကြောင်းတစ်စေ့တစ်စောင်း(၂)

  • ပင်လုံညီလာခံ
၁၉၄၇ ခုနှစ်တွင်ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ဖဆပလ အစိုးရတက်လာသောအခါ
သီးခြားကင်းလွတ်နေသောတောင်တန်းဒေသများကို ပြည်မအတွင်းသို့  ပြန်လည်သိမ်းသွင်းလို
သဖြင့်တောင်တန်းသားများနှင့်စကားကမ်းလှမ်းခဲ့သည်။သို့ နှင့် ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်
နေ့ တွင်ကျင်းပသော ပင်လုံညီလာခံကြီးတွင်တောင်တန်းဒေသခေါင်းဆောင်ကြီးများနှင့် ဗိုလ်
ချုပ်အောင်ဆန်း အမှုးပြုသော မြန်မာခေါင်းဆောင်ကြီး တို့ သည် တောင်တန်းဒေသများအား
မြန်မာပြည်မကြီးနှင့်ပူးပေါင်းရန် တညီတညွတ်ထည်းဆုံးဖြတ်ကြလေသည်။၎င်း သဘောတူစာ
ချုပ်အရ ၁၉၄၇ ခုနှစ် ဇွန်လ ၁ ရက်နေ့ တွင်စတင်ကျင်းပသော တိုင်းပြည်ပြုလွတ်တော်မှရေး
ဆွဲအတည်ပြုပေးခဲ့သည့် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း ၁၊ အပိုဒ် ၆ တွင်
မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်ဟု ယခင်က ခေါ်တွင်ခဲ့သော နယ်မြေများကိုပြည်ထောင်စုမြန်မာ
နိုင်ငံအတွင်းတွင် ပြည်ထောင်စုအဖွဲ့ ဝင်တစ်ခုအဖြစ်ဖွဲ့ စည်းရမည်။ထိုပြည်ထောင်စုအဖွဲ့ ဝင်
ကို နောက်နောင်တွင် ကချင်ပြည်နယ်ဟု ခေါ်တွင်ရမည်ဟု အတိတလင်းရေးသားဖေါ်ပြထား
လေသည်။ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ၊ ၄ရက်နေ့ တွင် မြန်မာနိုင်ငံ လွပ်လပ်ရေး ရရှိပြီးနောက်
ဇန်န၀ါရီလ ၊၁၀ ရက်နေ့ ကို ကချင်ပြည်နယ်နေ့ အဖြစ်စတင်သတ်မှတ်လိုက်သည်။

  • ထွက်ကုန်ပစ္စည်းများ
ကချင်ပြည်နယ် မှာ မြေပေါ်မြေအောင် သံယာဇာတ ပေါကြွယ်လှသော ပြည်နယ်တစ်ခုဖြစ်
သည်။စိမ်းစိုထူထပ်လျက်ရှိသော သစ်တောကြီးများ၊ အဖိုးတန်ကျွန်းသစ်များ၊ အခြားသော
သစ်မာပင်များ အပြင်သစ်တောထွက်ပစ္စည်းများရှိသည်။ပြည်နယ်တွင်းမှထွက်ရှိသောဆန်
စပါးများမှာ ပြည်နယ်တွင်းလူဦးရေ အတွက်လုံလောက်သည် သာမက ပိုလျက်ရှိသည်ကို
ပင်တွေ့ ရမည်ဖြစ်သည်။ကချင်ပြည်နယ်မှာထွက်ရှိသောမြေအောင် အဖိုးတန် သံယာဇာတ
များမှာ ကျောက်စိမ်း၊ပယင်းမြ၊နီလာ၊မြိုင်စိန်၊ပတ္တမြားနှင့်ရွှေတို့ ဖြစ်သည်။ယခင်က ထိုပစ္စည်း
များကို ခေတ်မှီစက်ကိရိယာများဖြင့်တူးဖေါ်နိုင်ခြင်းမရှိသော်လည်း ယခုအခါတွင်မူ ခေတ်မှီ
စက်ကိရိယာများဖြင့် တူးဖေါ်နေကြလေပြီ။ပယင်းကို ဟူးကောင်းမြေပြန့် ဒေသ၊မိုင်းကွန်း နှင့်
တနိုင်းဒေသ များတွင် တွေ့ ရှိရသည်။ကျောက်စိမ်းကို ဖားကန့် ရတနာမြေ၊လုံးခင်း နှင့်ခင်စီ
ကန်ဒေသတို့ တွင်တွေ့ နိုင်သည်။ကျောက်နီနှင့်ပတ္တမြားကို နန့် ယားဆိပ်ဒေသ တွင်အနည်း
ငယ်တွေ့ ရှိနိုင်သည်။ပြည်နယ်အတွင်းရှိမြစ်ချောင်းများတွင်ရွှေကို တွေ့ ရှိရသော်လည်းနာ
မည်ကြီးမှော်များမှာ တနိုင်းရွှေမှော် နှင့် မြစ်ဆုံအတက်ပိုင်းရှိရွှေမှော်တို့ မှာထင်ရှားသည်။
ယခုအခါတွင်နိုင်ငံတော်အစိုးရမှ ဓါတ်သတ္တုတူးဖော်ရေးလုပ်ငန်းများကို စနစ်တကျ ပြုလုပ်
လျက်ရှိလေပြီ။

  • လမ်းပန်းဆက်သွယ်ရေးနှင့်ကူးသန်းရောင်းဝယ်ရေး
ယခင်က ကချင်ပြည်နယ်တွင်းတွင် တစ်နေရာနှင့်တစ်နေရာ၊မြို့ တစ်မြို့ နှင့်တစ်မြို့ သွားလာ
ရာတွင်လမ်းမကောင်းမှုကြောင့် အင်မတန်မှခက်ခဲသော်လည်း ယခုကာလတွင်မူ နိုင်ငံတော်
အစိုးရမှ လမ်းတံတားစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်သဖြင့် သွား
လာရန်မခက်ခဲတော့ပြီဖြစ်သည်။ယခင်က မြစ်ကြီးနားမှ ၀ိုင်းမော်မြို့ သို့ သွားလိုပါက စက်
လှေ၊သင်္ဘောတို့ ဖြင့်သာ သွားလာနိုင်ခဲ့ပြီး မြစ်ကြီးနားမြို့  စီတာပူရပ်ကွက်နှင့် ၀ိုင်းမော်မြို့ 
နယ် မိုင်းနားကျေးရွာတို့ ကို ဆက်သွယ်ထားသော ဧရာဝတီမြစ်ကူးတံတားကြီး တစ်စင်းဖြစ်
သည့် ဗလမင်းထင်တံတားကိုတည်ဆောက်ပြီးသည့်အချိန်မှစပြီး မြစ်ကြီးနားမြို့ မှ ၀ိုင်းမော်
မြို့ သို့ သာမက ဗန်းမော်၊နမ့်ခမ်း၊မူဆယ် စသဖြင့် တစ်မြို့ နှင့်တစ်မြို့ နာရီပိုင်းအတွင်းမှာပင်
လွယ်ကူစွာ သွားလာနိုင်ပြီဖြစ်သည်။မြစ်ကြီးနားနှင့် မန္တလေး မီးရထားလမ်းမိုင်အကွာအဝေး
စုစုပေါင်း ၃၇၇ မိုင် ကွာဝေးသည်။မြစ်ကြီးနား မြို့ ၊ဗန်းမော်မြို့ နှင့် ပူတာအိုမြို့ တို့ တွင်လေဆိပ်
များထားရှိလေရာ နာရီပိုင်းအတွင်းမှပင် မိုင်ပေါင်းရာချီသော ခရီးများကိုလွယ်ကူစွာသွားလာ
နိုင်လေပြီ။တရုတ်နိုင်ငံအတွင်းသို့ ဖြစ်ကူးနိုင်သော တောင်ကြားလမ်းများလည်းရှိပြီး အရေး
ကြီး အသုံးဝင်သော တောင်ကြားလမ်းမှာ ပန်ဝါတောင်ကြားလမ်းဖြစ်သည်။ယခုအခါတွင်
ပန်ဝါမြို့ ကလေးမှာ နယ်စပ်မြို့ လေးအဖြစ်အင်မတန်မှ သပ်ရပ်ထင်ရှားလှသည်။ထို့ သို့ သော
လမ်းပန်းဆက်သွယ်မှုများကြောင့် ကချင်ပြည်နယ်သည် ကူးသန်းရောင်းဝယ်ရေးဖွံ့ ဖြိုးပြီး
စီးပွားရေးအရခိုင်မာသောပြည်နယ်တစ်ခုဖြစ်သည်။ထို့ ပြင် လိုင်ဇာမြို့ ကလေးမှာ မြန်မာ
နိုင်ငံနှင့်တရုတ်နိုင်ငံတို့ ထိစပ်လျက်ရှိသော နယ်စပ်မြို့ ကလေးအဖြစ် ထင်ရှားသည်။

ဆက်ရေးပါမည်

Thursday, February 26, 2009

ကချင်ပြည်နယ်အကြောင်းတစ်စေ့တစ်စောင်း(၁)

ပြည်ထောင်စုမြန်မာနိုင်ငံတော်လွပ်လပ်ရေးရသည်နှင့်မရှေးမနှောင်းတွင် စတင်တည်
ထောင်ခဲ့သောကချင်ပြည်နယ် သည်ယခုဆိုလျှင်ဖြင့် ရွှေရတု ကာလကိုပင်ကျော်လွန်
ပြီး စိန်ရတုကာလဆီသို့ ပင်ဦးတည်နေလေပြီ။ထို့ ပြင် ကချင်ပြည်နယ်သည် သဘာဝ
သယံဇာတများ လွန်စွာပေါ ကြွယ်ဝသည့်အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတော် ၏
အားထားစရာဒေသ တစ်ခုလည်းဖြစ်သည်။


  • ကချင်ပြည်နယ်
ကချင်ပြည်နယ် သည် မြန်မာနိုင်ငံ မြောက်ပိုင်း သမပိုင်းဇုံတွင်တည်ရှိပြီးဧရာဝတီနှင့်
ချင်းတွင်းမြစ်ဖျားမြစ်ဝှမ်းဒေသမြေပြန့် များနှင့်တောတောင်များရောပြွမ်းလျက်ရှိသော
ပြည်နယ်တစ်ခုဖြစ်သည်။မှိုင်းညှို့ မြင့်မားလှသောတောင်ထွတ်တောင်တန်းများ၊နက်
ရှိုင်းထူထပ်သောသစ်တောကြီးများ၊ကြည်လင်အေးမြသောမြစ်ချောင်းရေတန်ခွန်များ
အင်းအိုင်များနှင့် စိမ်းလန်းသာယာလှပသောပြည်နယ်တစ်ခုဖြစ်သည်။မြောက်လတ္တီ
တွဒ် ၂၃၃၇ ဒီဂရီနှင့် ၂၈၅၈ ကြား၊အရှေ့ လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၇ မိနစ်ကြားတွင်
တည်ရှိပြီး အရှေ့ ဖက် နှင့်မြောက်ဖက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊အနောက်ဖက်
တွင် ကသာခရိုင်၊ နာဂတောင်တန်း၊ အထက်ချင်းတွင်းခရိုင်၊ အာသံပြည်တို့ နှင့်နယ်နိ
မိတ်ခြင်းထိစပ်လျက်ရှိသည်။ကချင်ပြည်နယ်၏ စုစုပေါင်းဧရိယာအကျယ်အ၀န်းမှာ
စတုရန်းမိုင်ပေါင်း ၃၉၉၀၀ ခန့် ရှိသည်။ကုန်းမြင့်ဒေသဖြစ်သည့်အလျောက် ကချင်
ပြည်နယ်သည် ပျမ်းမျှအားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် ပေ၃၀၀၀ခန့် မြင့်
သည်။ယခုခေတ်ကာလာတွင်လမ်းပန်းဆက်သွယ်ရေးများကောင်းမွန်ပြီး စည်ကား
သိုက်မြိုက် သော၊နေချင့်စဖွယ်ကောင်းသော၊ ချစ်စရာဓလေ့များဖြင့်ပြည့်နှက်နေ
သော၊သာယာလှပသော စသဖြင့်သောများစွာဖြင့်ပြည့်နှက်နေသောပြည်နယ် ဖြစ်
ပါသည်။ကချင်ပြည်နယ်၏ ပြည်နယ်ရုံးစိုက်ရာမြို့ မှာ မြစ်ကြီးနားမြို့ ဖြစ်ပြီး ကချင်ပြည်
နယ်၏ မြို့ တော်ဖြစ်သည်။အခြားထင်ရှားသောနေရာများမှာ ဧရာဝတီင်္ဖြစ်စတင်ဖြစ်ဖျား
ခံသည့် မေခ၊နှင့် မလိခ ပေါင်းစုံရာ မြစ်ဆုံ၊မြန်မာနိုင်ငံ၏ အကြီးဆုံးအိုင်ဖြစ်သည့် အလျား
၁၄ မိုင် အနံ ၇ မိုင်ရှိသည့် အင်းတော်ကြီးအိုင်တို့ မှာ ကမ္ဘာကျော်အောင်ထင်ရှားလှသော
နေရာများပင်ဖြစ်သည်။


  • လူမျိုးစု
ပြည်နယ်အတွင်းတွင် ကချင်လူမျိုး၊ဗမာလူမျိုး၊ရှမ်းလူမျိုး နှင့် အခြားသောလူမျိုးစုအနည်း
ငယ်တို့ ပျံ့ နှံ့ နေထိုင်ကြသည်။



  • ကချင်လူမျိုးဆင်းသက်လာပုံ
ကချင်လူမျိုးတို့ သည် တိဗက်အနွယ်ဝင်များဖြစ်ပြီး ဗမာလူမျိုးတို့ နှင့်တနွယ်တည်းဆင်း
သက်လာကြသူများဖြစ်သည်။တိဗက်ဗမာအနွယ်ဝင်တို့ သည် မြန်မာနိုင်ငံထဲသို့ တသုတ်
ပြီးတသုတ်ရွှေ့ ပြောင်းဆင်းသက်လာကြကာ ၁၁ ရာစုနှစ်အတွင်းက မြန်မာနိုင်ငံမြောက်
ဖျားစွန်းဒေသများသို့ ရောက်ရှိလာကြပြီး ၁၅ ရာစု နှစ်လောက်က ပြည်နယ်အတွင်းသို့ 
ရောက်ရှိအခြေစိုက်လာကြသည်ဟု ယူဆခဲ့ကြသည်။ပုဂံခေတ်က ကချင်ပြည်နယ်တွင်း
ပါဝင်သောဒေသတို့ မှာ ပုဂံခေတ် မြန်မာအင်ပိုင်ယာအတွင်းပါဝင်ခဲ့၏။တာတာလူမျိုးတို့ 
ဝင်ရောက်တိုက်ခဲ့ပြီးပုဂံမင်းဆက်ပျက်သုန်းသောအခါက သည်ဒေသတွင် မောရှမ်းလူမျိုး
တို့ ကြီးစိုးခဲ့ကြသည်။တောင်ငူခေတ်မရောက်မှီခေတ်တစ်လျှောက်လုံး တွင် မော်ရှမ်းတို့ 
သည် ကချင်ပြည်နယ်ဒေသများကိုသာမက အနောက်ဘက်ပိုင်းရှိဒေသများကိုပါ ကြီးစိုး
နိုင်ခဲ့ကြသည်။တခါတရံ တောင်ဖက်ရှိမြန်မာနိုင်ငံနှင့် မြောက်ဖက်ရှိတရုတ်နိုင်ငံတို့ ကို
ပါဝင်ရောက်အာဏာဖြန့် ခဲ့ကြသဖြင့် စစ်မက်ရေးရာအရ ဖြေရှင်းခဲ့ရမှုများလည်းရှိခဲ့ရ
သည်။ထိုစဉ်က မောရှမ်းတို့ ၏ အချက်အချာဒေသမှာ မိုးကောင်းဒေသဖြစ်သည်။၁၅၃၅
-၃၆ ခုနှစ်ခန့် လောက်တွင်တောင်ငူမှနေပြီးမြန်မာနိုင်ငံ ပြန်လည်စုစည်းထူထောင်ခဲ့စဉ်
က ကချင်ပြည်နယ်ဒေသတ၀ိုက်မှာ မြန်မာနိုင်ငံနှင့် တပေါင်းတည်းပြန်လည်ဖြစ်ခဲ့သည်။
ထိုနောက်ပိုင်းမှစ၍ ကချင်ပြည်နယ်ဒေသများသည် မြန်မာနိုင်ငံနှင့်တပေါင်းတည်းဖြစ်ခဲ့
လေတော့သည်။၁၈၈၅ ခုနှစ်၊မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးသည့်နောက် ဒီဇင်
ဘာလ ၂၈ ရက်နေ့ က ဗန်းမော်မြို့ ကို သိမ်းပိုက်ခဲ့သည်။ထိုစဉ်က ပြည်နယ်ဒေသအတွင်း
ရှိ ကချင်၊ဗမာ၊ရှမ်း တိုင်းရင်းသားခေါင်းဆောင်များပူးပေါင်းကာဗြိတိသျှ တို့ ၏အုပ်ချုပ်မှု
ကိုကာလအတန်ကြာတော်လှန်ခဲ့ဖူးလေသည်။ခိုင်မြဲစွာအုပ်ချုပ်နိုင်ရေးအတွက် ဗြိတိသျှ
တို့ သည် ၁၈၉၅ ခုနှစ်ထိ ၁၀နှစ်တိုင်တိုင် တိုက်ခိုက်ခဲ့ရလေသည်။ထို့ နောက်ကချင်ပြည်
နယ်အား နယ်ခြားဒေသ အုပ်ချုပ်ရေးအောက်တွင်ထားရှိသဖြင့် ပြည်မအုပ်ချုပ်ရေးနှင့်
ကွဲပြားသွားခဲ့လေသည်။ထိုခေတ်အုပ်ချုပ်ရေးကို မြန်မာပြည်ဘုရင်ခံက တိုက်ရိုက်အုပ်
ချုပ်၍ အထက်တန်းအရာရှိများကိုမူ အင်္ဂလန်နိုင်ငံ ရှိ အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန်က
ခန့် အပ်လေသည်။ကချင်တောင်တန်းဒေသ နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ ကို ရှမ်း
ပြည်နယ်မြောက်ပိုင်း နယ်ခြားဝန်ထောက်က အုပ်ချုပ်ခဲ့သည်။ကချင်တောင်တန်းဒေသ
အုပ်ချုပ်ရေးဥပဒေများမှာ ယင်းဓလေ့ထုံးစံများအပေါ်မှီး၍ရေးဆွဲထားသောစည်းမျဉ်းများ
ဖြစ်လေသည်။၁၉၃၀ ပြည့်နှစ်က ထုတ်ဝေခဲ့သော" ကချင်တောင်တန်းသားများဆိုင်ရာ
စည်းမျဉ်းဥပဒေများ" နှင့် "ကချင်ပြည်နယ်လက်စွဲ" စာအုပ်တို့ မှာထင်ရှားသောဥပဒေ
စာအုပ်များဖြစ်ကြသည်။


ဆက်ရေးပါမည်။

Monday, February 23, 2009

မွေးရပ်မြေ



၁၉၈၆ခုနှစ်၊ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ကလေးမှာစတင်မွေးဖွားခဲ့တဲ့ကျွန်တော်၊မြစ်ကြီးနား
မှာလူဖြစ်၊မြစ်ကြီးနားမှာနေပြီး ကြီးပြင်းခဲ့တဲ့ကျွန်တော် မြစ်ကြီးနားကိုလွမ်းမိတာ မမှားလောက်
ပါဘူးဗျာ။ငယ်ငယ်ကဆိုရင် ဧရာဝတီမြစ်ထဲမှာရေသွားကူးခဲ့တာ အရမ်းပျော်ဖို့ ကောင်းတယ် ။
အမေသိတော့ လှော်တာပေါ့။ကျွန်တော်ကလည်းကလေးပီပီ အမှတ်မရှိဘဲ အမေရိုက်တာကို
တောင်မှ မမှုဘဲ ညနေတိုင်းရေသွားကူးကူးနေတာ။နောက်ဆုံးတော့ အမေကပြောမရလို့ လက်
လျှော့လိုက်ရတဲ့အထိ ကို ဧရာဝတီမြစ်ကိုချစ်တာ။မှတ်မှတ်ရရ ၂၀၀၁-ဒီဇင်ဘာတုန်းကဆိုရင်
သူငယ် ချင်းတွေနဲ့ အပျော်လွန်ပြီး ဧရာဝတီမြစ်ထဲက သဲသောင်မှာ ညအိပ်ခဲ့ရဖူးတယ် ။ အဲဒီ
လောက်ဆိုရင် ကျွန်တော် မြစ်ကြီးနားမြို့ ကလေးကိုဘယ်လောက်ထိချစ်ကြောင်းသိလောက်
ရောပေါ့။ဒါတင်ဘဲလားဆိုတော့ ဘယ်ဟုတ်မလည်း။ကျွန်တော်နေတဲ့မြို့ ကလေးကိုကသာယာ
ပြီးနေချင့်စဖွယ်မြို့ ကလေးဖြစ်နေတယ်လေ။လည်စရာနေရာတွေကလည်းတပုံတပင်ရှိတယ်။
ကျွန်တော်ဆိုရင်လည်လို့ မကုန်လို့  ခွဲလည်ရတယ်။း) မြစ်ကြီးနားကဘာကြောင့်ချစ်ဖို့ ကောင်း
တာလည်း။ပြောမယ်ဆိုရင် ကုန်တောင်မကုန်ဘူး။မြစ်ကြီးနား မြို့ ဆိုရင် ကချင်လူမျိုးတွေလည်း
မပါမဖြစ်ပါရမယ်။ဧရာဝတီမြစ်လည်းမပါမဖြစ်ပါရမယ်။နောက်ပြီးမနောပွဲ၊ကချင်ရိုးရာ၊မြစ်ဆုံ၊
ကရိန်နော်၊နောက်ပြီး ---နောက်ပြီး ---နောက်ပြီး --- ကဲပြောစရာမကုန်ပါဘူးဆို ။ခုတော့
ခနနားမယ်ဗျာ။နောက်ကျရင် ကချင်ပြည်နယ်အကြောင်းလေးရေးပါရစေခင်ဗျာ။